Indiana 988

ပံ့ပိုးမှုရင်းမြစ်များ

988 နှင့်ပတ်သက်သော အသိပညာပေးမှု အကြောင်းကို ဖြန့်ဝေခြင်းဖြင့် Hoosiers များကို ကူညီပါ

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း နှင့် အန္တရာယ်ကျရောက်ခြင်း ဆိုင်ရာအရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Suicide and Crisis Lifeline နှင့်ပတ်သက်ပြီး အင်ဒီယားနားပြည်နယ်ရှိ ကောင်တီမြို့နယ်စု 92 ခုစလုံးတွင် ကျွန်ုပ်တို့အားလုံး သတင်းဖြန့်ဝေထားရန် အရေးကြီးပါသည်။ 988 သတင်းအကြောင်းနှင့်ပတ်သက်ပြီး သင့်မိတ်ဆွေများ၊ သင့်မိသားစု၊ သင့်အဖွဲ့ဝင်များ၊ နှင့် သင့်အစုရှယ်ယာရှင်များအတွင်း နိုးကြားမှုမြှင့်တင်ရေးတွင် အသုံးပြုရန်အတွက် အောက်ပါအချက်အလက်စာရွက်စာတမ်းများကို ပြင်ဆင်ထားပေးပါသည်။ အောက်ပါ အကြောင်းအရာ နှင့် သတင်း စာရွက်စာတမ်းများကို သင့်အတွက် ဒေါင်းလုဒ်ယူနိုင်ပြီး ဤသို့အရေးကြီးသော သတင်းဖြန့်ဝေရာတွင် အသုံးပြုနိုင်သည်။ ပြည်နယ်အနှံ့ အသိပညာနိုးကြားမှုတွင် အထောက်အကူဖြစ်စေမည့် အီးမေးလ်နမူနာများ၊ တက်စ်နမူနာစာသားများ နှင့် ရုပ်ပုံဇယားများကို မိတ္တူကူးပြီး အသုံးပြုရုံသာဖြစ်ပါသည်။ ထပ်ဆောင်း စာရွက်စာတမ်းများ၊ ပစ္စည်းများကို ပြင်ဆင်နေဆဲဖြစ်၍ မကြာခဏ ပြန်လည်ကြည့်ရှုစစ်ဆေးကြည့်ပါ။

နိုင်ငံလုံးဆိုင်ရာ ပံ့ပိုးမှုရင်းမြစ်များကိုရယူလိုပါက SAMHSA စာရွက်စာတမ်းကိရိယာများ တွင်ကြည့်ရှုပါ။

အီးမေးလ်စာသားမိတ္တူ

အင်ဒီယားနားပြည်နယ်သားများ Hoosiers ကို အရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Lifeline အကြောင်းနှင့်ပတ်သက်၍ အီးမေးလ်ပို့ရန်အတွက် အောက်ပါစာသားမိတ္တူကို အသုံးပြုနိုင်သည်။

အကြောင်းအရာ။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း နှင့် အန္တရာယ်ကျရောက်ခြင်း အရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Suicide and Crisis Lifeline နှင့်ပတ်သက်ပြီး အသိပညာနိုးကြားမှု ဖြန့်ဝေရာတွင်ကူညီပါ

လေးစားအပ်သော [အမည်],

988 သည် ရှေ့ဆက်ရန်နည်းလမ်းဖြစ်သည်။ သင့်အပေါ် နားလည်ပြီး သင်လိုအပ်သည့် ပံ့ပိုးကူညီမှုကို အပြစ်ရှာဝေဖန်မှုကင်းရှင်းစွာဖြင့် ပေးအပ်မည့်သူဖြစ်ပါသည်။ သင်လိုအပ်သည့် အရာကို သင်လိုအပ်သည့်အချိန်တွင် ရယူရန်ဖြစ်ပါသည်။

988 သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် သက်ဆိုင်သည့် စိတ်သောကကျရောက်မှုကို ခံစားနေရသောသူ တဦးဦးအတွက် အကြင်နာကရုဏာထားသော အဆင်သင့်ရယူနိုင်သည့် စောင့်ရှောက်မှု နှင့် ပံ့ပိုးကူညီမှုနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည်။ စိတ်သောကကျရောက်မှုဆိုရာတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် အတွေးများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ သို့မဟုတ် မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ ဘေးအန္တရာယ်ကျရောက်မှု၊ သို့မဟုတ် အခြားသော မည်သည့်စိတ်သောကကျရောက်မှု အမျိုးအစားများအတွက်မဆို ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း နှင့် အန္တရာယ်ကျရောက်ခြင်း အရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Suicide & Crisis Lifeline အကြောင်းနှင့်ပတ်သက်ပြီး အသိပညာနိုးကြားမှု ဖြန့်ဝေရန်အတွက် အင်ဒီယားနားမိသားစု နှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ စီမံအုပ်ချုပ်ရေးဌာန (Indiana Family and Social Services Administration) အနေနှင့် စာရွက်စာတမ်းများ၊ ပစ္စည်းများကို အစုံလိုက် ဖန်တီးထားပါသည်။ ရင်းမြစ်များကို ဤနေရာတွင် ရယူနိုင်သည်။

သင် သို့မဟုတ် သင့်အသိ တဦးဦးအနေနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့်သက်ဆိုင်သော သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု နှင့်သက်ဆိုင်သော ဘေးအန္တရာယ် ကျရောက်မှုကို ကြုံတွေ့နေရပါက မျှော်လင့်ချက် နှင့် အကူအညီ ရရှိနိုင်ပါသည်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု နှင့် အန္တရာယ်ကျရောက်မှု ဆိုင်ရာအရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ရန် နှင့် သင်တန်းရရှိထားပြီးသော ဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ ကျွမ်းကျင်သူနှင့် 24/7 အချိန်မရွေး ဆွေးနွေးရန်အတွက် ကျေးဇူးပြု၍ 988 သို့ဖုန်းဆက်ပါ သို့မဟုတ် တက်စ်ပို့ပါ။

ကျေးဇူးတင်ပါသည်။

တက်စ် စာသားမိတ္တူ

အင်ဒီယားနားပြည်နယ်သားများ Hoosiers ကို အရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Suicide & Crisis Lifeline အကြောင်းနှင့်ပတ်သက်၍ တက်စ်ပို့ရန်အတွက် အောက်ပါစာသားမိတ္တူကို အသုံးပြုနိုင်သည်။

သင် သို့မဟုတ် သင့်အသိတဦးဦး အနေနှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အတွေးများ သို့မဟုတ် စိတ်ကျန်းမာရေး သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုင်ရာဘေးအန္တရာယ် ကျရောက်မှုနှင့် လတ်တလောကြုံတွေ့နေရပါက အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ရန် နှင့် သင်တန်းရရှိထားပြီးသော ဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ ကျွမ်းကျင်သူနှင့် ဆွေးနွေးရန်အတွက် ကျေးဇူးပြု၍ 988 သို့ဖုန်းဆက်ပါ သို့မဟုတ် တက်စ်ပို့ပါ။ 988 သည် ရှေ့ဆက်ရန်နည်းလမ်းဖြစ်ပြီး သင်လိုအပ်သည့် ပံ့ပိုးကူညီမှုကို လိုအပ်သည့်အချိန်တွင် အပြစ်ရှာဝေဖန်မှုကင်းရှင်းသော ပံ့ပိုးကူညီမှုဖြစ်ပါသည်။

လူမှုဆက်သွယ်ရေး မီဒီယာ မိတ္တူ

လူမှုဆက်သွယ်ရေး မီဒီယာတွင် ရုပ်ပုံဇယားများနှင့်အတူ အောက်ပါ စာသားမိတ္တူကိုအသုံးပြုပါ။

ရွေးစရာနည်းလမ်း 1

988 က ဘာလဲ။

988 သည် ရှေ့ဆက်ရန်နည်းလမ်းဖြစ်သည်။ နားထောင်ပေးမည့်သူဖြစ်သည်။ အကူအညီရယူရန်အတွက် လမ်းစဖြစ်သည်။ သင့်အပေါ် နားလည်သူဖြစ်သည်။ သင် ဘယ်အရာကို လိုအပ်နေမှန်း မသိရသည့်အချိန်တွင် သင်လိုအပ်သည့်အရာဖြစ်သည်။ သင် သို့မဟုတ် သင့်အသိတဦးဦး အနေနှင့် စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဘေးအန္တရာယ် ကျရောက်မှုနှင့် ကြုံတွေ့နေရပါက ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု နှင့် အန္တရာယ်ကျရောက်မှု ဆိုင်ရာအရေးပေါ်ဖုန်းလိုင်းဖြစ်သော 988 Suicide & Crisis Lifeline သို့ဖုန်းဆက်ပါ သို့မဟုတ် တက်စ်ပို့ပါ။

ရွေးစရာနည်းလမ်း 2

988 က ဘာလဲ။

988 သည် မှတ်ရလွယ်ကူသည့် ဖုန်းနံပါတ်တခုထက် ပိုပါသည်။ စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သည့် စိတ်သောကကျရောက်မှုကို ခံစားနေရသောသူ တဦးဦးအတွက် အကြင်နာကရုဏာထားသော အဆင်သင့်ရယူနိုင်သည့် စောင့်ရှောက်မှု နှင့် ပံ့ပိုးကူညီမှုထံသို့ တိုက်ရိုက်ချိတ်ဆက်ပေးသည်။ စိတ်သောကကျရောက်မှုဆိုရာတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် အတွေးများ၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ ဘေးအန္တရာယ်ကျရောက်မှု၊ သို့မဟုတ် အခြားသော မည်သည့်စိတ်သောကကျရောက်မှု အမျိုးအစားများအတွက်မဆို ဖြစ်ပါသည်။

ရုပ်ပုံဇယားများ၊ 1080 x 1920

အောက်ပါ လူမှုဆက်သွယ်ရေး မီဒီယာ ရုပ်ပုံဇယားများသည် Instagram သို့မဟုတ် Facebook Stories အတွက် အသုံးပြုလျှင် အကောင်းဆုံးဖြစ်ပါသည်။ အောက်ပါပုံတခုခုကို သင့်ကွန်ပျူတာထဲတွင် သိမ်းဆည်းထားချင်ပါက ပုံပေါ်တွင် မောက်စ်ဖြင့် ညာခလုတ်ကိုနှိပ်ပါ (သို့မဟုတ် Mac ဖြစ်ပါက ကီးဘုတ် Control နှင့်မောက်စ်၏ဘယ်ခလုတ်နှိပ်ပါ)။

ရုပ်ပုံဇယားများ၊ 1080 x 1080

အောက်ပါ လူမှုဆက်သွယ်ရေး မီဒီယာ ရုပ်ပုံဇယားများသည် Instagram သို့မဟုတ် Facebook အတွက် အသုံးပြုလျှင် အကောင်းဆုံးဖြစ်ပါသည်။ အောက်ပါပုံတခုခုကို သင့်ကွန်ပျူတာထဲတွင် သိမ်းဆည်းထားချင်ပါက ပုံပေါ်တွင် မောက်စ်ဖြင့် ညာခလုတ်ကိုနှိပ်ပါ (သို့မဟုတ် Mac ဖြစ်ပါက ကီးဘုတ် Control နှင့်မောက်စ်၏ဘယ်ခလုတ်နှိပ်ပါ)။

ရုပ်ပုံဇယားများ၊ 1200 x 675

အောက်ပါ လူမှုဆက်သွယ်ရေး မီဒီယာ ရုပ်ပုံဇယားများသည် Twitter အတွက် အသုံးပြုလျှင် အကောင်းဆုံးဖြစ်ပါသည်။ အောက်ပါပုံတခုခုကို သင့်ကွန်ပျူတာထဲတွင် သိမ်းဆည်းထားချင်ပါက ပုံပေါ်တွင် မောက်စ်ဖြင့် ညာခလုတ်ကိုနှိပ်ပါ (သို့မဟုတ် Mac ဖြစ်ပါက ကီးဘုတ် Control နှင့်မောက်စ်၏ဘယ်ခလုတ်နှိပ်ပါ)။

ထုတ်ယူနိုင်သော ပိုစတာများ

အောက်တွင်ပါရှိသော ပိုစတာနှင့် လက်ကမ်း စာရွက်ရွေးချယ်ဖွယ်ရာများကိုသင်ထုတ်ယူနိုင်ရန်နှင့် မျှဝေရန်အတွက် ဖန်တီးထားပြီးပါပြီ။ PDF ပုံစံ စာမျက်နှာများကို ဒေါင်းလုတ်ဆွဲယူနိုင်ရန်အတွက် အောက်တွင်ပါရှိသောရုပ်ပုံတပုံပေါ်တွင် နှိပ်ပါ။

အကူအညီကို ယခုရယူပါ။

သင် သို့မဟုတ် သင့်အသိတဦးဦး အနေနှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အတွေးများ သို့မဟုတ် စိတ်ကျန်းမာရေး သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုင်ရာဘေးအန္တရာယ် ကျရောက်မှုနှင့် လတ်တလောကြုံတွေ့နေရပါက အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ရန် နှင့် သင်တန်းရရှိထားပြီးသော ဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ ကျွမ်းကျင်သူနှင့် 24/7 အချိန်မရွေး ဆွေးနွေးရန်အတွက် ကျေးဇူးပြု၍ 988 သို့ဖုန်းဆက်ပါ။